ပထမဆုံးဆော့ဝဲ ကိုဒေါင်းလုပ်လုပ် ပြီးရင် ဆော့ဝဲကို ဖွင့်လိုက်မယ်ဆိုရင်ပဲ အောက်ဖော်ပြပါ ပုံလေးတွေ့ရပါလိမ့်မယ်။
ဒီဘောက်စ်ထဲက Videostudio Editor ကို ထပ်မံကလစ်ရပါမယ်။ ဒါဆို အောက်ပုံလေးကို ထပ်တွေ့ရပါမယ်။
အလွယ်ကူဆုံး Edit လုပ်နိုင်ဖို့ အတွက်ဝိုင်းပြထားတဲ့နေရာလေးကို ထပ်နှိပ်လိုက်ပါ ဒါဆိုရင် အောက်က ပုံအတိုင်း Video , Image , Video 1 , Title , Voice , Music ဆိုတဲ့ ဘားတွေတွေ့ရပါမယ်။ အဲဒီပေါ်မှာ Right Click နှိပ်ပြီး ရုပ်ပုံ ဗွီဒီယို သီချင်းတွေ ထည့်သွင်းလို့ရပါပြီ။
ပထမလိုင်းဟာ ဗွီဒီယိုနဲ့ ရုပ်ပုံတွေ ထည့်သွင်းလို့ရပြီး ရုပ်ပုံတွေရဲ့ကြာချိန်ကို ချိန်ညှိလို့ရပါတယ်။ ဒုတိယလိုင်း Video 1 ( Overlay ) က ရုပ်ပုံနဲ့ ဗွီဒီယိုတွေ တစ်ခုနဲ့တစ်ခု ရောမွှေခြင်း ထပ်ခြင်း ပြုလုပ်ပါတယ်။
နောက်ပြီး ညာဘက်အလယ်လောက်မှာပဲ video / Attribute တွေကိုနှိပ်ပြီး သူ့အောက်က application တွေယူသုံးလို့ရပါသေးတယ် ဥပမာ Attribute က Direction / Style နေရာမှာ ရုပ်ပုံ ဗွီဒီယိုတွေကို အရှင်ထားပြီး အဝင် အထွက်တွေ သတ်မှတ်ကာ ကြိုက်သလို ကစားလို့ ရပါတယ်။
တတိယလိုင်း T ဆိုတဲ့နေရာလေးကစားသားတွေထည့်ဖို့ပါ
ကိုယ်ထည့်ချင်တဲ့စာသားကို menu bar မှာ ရှိတဲ့ title ကိုခေါ်တာနဲ့ ဒါမှမဟုတ် ညာဘက်က pop down menu လေးကို click ပြီး title ကိုခေါ်တာနဲ့ style အမျိုးမျိုးကို စာရေးဖို့ အတွက် ယူသုံးလို့ရပါပြီ
ညာဘက် Edit မှာ စာတန်းတွေကို လိုသလို ချုံ့ချဲ့ခြင်း Color Font Design တွေ ပြုပြင်နိုင်သလို Animation နေရာကနေလည်း စာလုံး စာတန်းတွေရဲ့ လှုပ်ရှားမှုတွေကို လိုအပ်သလို ပုံစံအမျိုးမျိုး သုံးနိုင်ပါတယ်။
ကိုယ်လိုချင်တဲ့နေရာကို သီချင်းစာသားနဲ့ကိုက်ပြီး ဆွဲဆန့် /ချုံ့ နိုင်ပါတယ်။ ပုံတွေကိုလည်း အဲ့ဒီလို လုပ်နိုင်ပါတယ်။
ပြောချင်တာတစ်ခုကတော့ ပုံတွေ video တွေ စာတန်းတွေ သီချင်းတွေကို သူ့နေရာနဲ့သူ မောက်နဲ့ drag ဆွဲပြီး ချိန်ညှိနိုင်ပါတယ် သီချင်းဆိုရင် မိုက်ပုံစံ လေး (ဒါမှမဟုတ်)သံစဉ်ပုံစံ အကွက်ကလေးထဲကို drag ဆွဲလိုက်ရုံပါပဲ နောက်ပြီး ပုံတွေ video တွေရဲ့ကြားမှာလိုသလို effect တွေ ထည့်ပြီး တစ်ပုံနဲ့ တစ်ပုံအကူးမှာ effect အမျိုးမျိုးကို အချိန်တွေပါညှိပြီးလုပ်နိုင်ပါသေးတယ်
သီချင်းရယ် effect ရယ် ပုံတွေရယ် အံကိုက်ဖြစ်အောင် ချိန်ညှိပြီးသွားရင်တော့ Share >> Create Video File >> နှစ်သက်ရာ ဗွီဒီယို အမျိုးအစားကို ရွေးချယ်ပြီး သိမ်းနိုင်ပါပြီ။ တကယ်လို့ မသေချာသေးဘူး ပြန်ပြင်ချင်သေးတယ်ဆိုရင် Ctr + S (Save As) နဲ့ သိမ်းထားနိုင်ပါတယ်။
အဆင်မပြေတာရှိရင်လဲ အိဆွေသိသလောက်တော့ ထပ်ပြောပြပေးပါမယ်
ဆော့ဝဲက အောက်မှာပါ notepad ထဲမှာ serial key ကူးပြီး ဆော့ဝဲ run တဲ့ အထဲ ထည့် run ရုံနဲ့ full version ဖြစ်တာမို့ install လုပ်ရတာလဲ လွယ်ပါတယ် ဒေါင်းရတာ အဆင်မပြေလို့ အခက်ခဲရှိရင်လဲ အိဆွေကိုပြန်ပြောကြပါနော် ခုမှ ပထမဆုံး ဘလော့တင်ဖူးတာမို့ပါ
0 comments:
Post a Comment