Monday, December 12, 2011
FacePAD: Facebook Photo Album Downloader
FaceBook က .. Photo Album တစ်ခုလုံးကို   Download ချနိုင်အောင်.
.
FireFox ရဲ့.. FacePAD    ကကူညီပါလိမ့်မယ်.
ဒီနေရာ မှာ...Continue To   Download ကို Click ပါ..
Click  >> Continue To Download     
အောက်ဆုံးနားမှာ.. Accept And Install ကို   Click ပါ.. 
facebook အကောင့်ဖျက်ချင်ရင်
facebook အကောင့် ဖျက်ချင်ရင် လင့်လေး တစ်ခု သိဖို့ပဲလိုပါတယ်
မှတ်ထားရမှာကတော့.. ဖျတ်လိုက်တဲ့ အကောင့်ကို ၂ ပတ် (၁၄ ရက်)လုံးဝ ၀င်လို့မရပါဘူး..
တကယ်လို့ ၀င်လိုက်ရင်.. ဖျတ်ထားတဲ့ Request မအောင်မြင်ပါဘူး..
Facebook ဖွင့်ထားတဲ့ Mail ထဲကိုလဲ Mail ပို့ပြီး အသိပေးပါတယ်..
Sunday, December 11, 2011
ကွန်ပျူတာမှာ power supply မကောင်းတော့ဘူးဆိုရင်
ကွန်ပျူတာတစ်လုံးမှာ power supply ကအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ် မားသားဘုတ်နဲ့ အခြားသော peripheral device တွေကို power ပေးရလို့ ပါပဲ အ၀င် AC ကနေ အထွက် DC ကိုပြောင်းလဲပေးပြီး power တွေကို distribute လုပ်ပေးရတဲ့ တာဝန်ကိုထမ်းဆောင်ရပါတယ်..မရှိမဖြစ်လိုအပ်တဲ့ ဒီလိုpower supply တစ်လုံးကွန်ပျူတာမှာအကောင်းဘူးဆိုရင် ဘယ်လိုတွေဖြစ်လာမလဲဆိုတာဆွေးနွေးကြည့်ရအောင်..
Power supply ပျက်နိုင်သည့်အကြောင်းတရားများ
1.FAN
2.Components
3.Cord
4.Connector
5.Electrical surge
6.Default industry
Core2Duo ဆိုသည်မှာ ..............
Core 2 Duo, Centrino 2 စသည်ဖြင့် 2 သို့မဟုတ် Duo ပါတာ ဟာ
CPU ထဲမှာ Core ၂ ခု ပါတယ်လို့နားလည်ပါတယ်။ Quad ဆိုရင်တော့
CPU ထဲမှာ Core ၄ ခု ပါတယ်ပေါ့။ ဖော်ပြပါ နာမည်တွေဟာ Intel ရဲ့ Brand နာမည်တွေသာဖြစ်ပါတယ်။
Dual Core ဆိုတာကတော့ CPU Chip တစ်ခုတည်းမှာ
Core နှစ်ခုပါတာကို ခေါ်တဲ့ generic name ဖြစ်ပါတယ်။
အမှန်တော့ Dual ပဲဆိုဆို Duo ပဲဆိုဆို Core 2 ပဲဆိုဆို တူတူပဲထင်ပါတယ်။
Speed ကတော့  Core2 (2.4 GHz) ဟာ Single Core 3.0 GHz ထက်တော့ ပိုမြန်ပါတယ်။ ၂၀၀% တော့မဟုတ်ပါဘူး။ ၁၆၀% သို့မဟုတ် ၁၇၀% လောက်တော့
ပိုမြန်ပါတယ်။
Core Duo နှင့် Core 2 Duo တို့၏ Product များကို လေ့လာကြည့်ရာတွင်
Core Duo သည် 65nm (nano meter) နှင့် ထုတ်လုပ်သော ပစ္စည်းများသာဖြစ်ပြီး၊
Core 2 Duo သည် 65nm နှင့် 45nm ကိုသုံးကာ ထုတ်လုပ်သော ပစ္စည်းများဖြစ်ကြောင်း
တွေ့ရ၏။ အောက် Link များတွင်ရှုလေ။
http://www.intel.com/products/proces...eduo/specs.htm
http://www.intel.com/products/proces...e2duo+tab_spec
အထက်ပါဖော်ပြချက်များ အရ အောက်ပါ မှတ်ချက်များ ရရှိပါသည်။
၁။ Dual-Core ဆိုသည်မှာ product ကိုဆိုခြင်းမဟုတ်။ နည်းပညာကို ဆိုခြင်းဖြစ်၏။ ၄င်း၌
CPU Chip တစ်ခုထဲတွင် Core ၂ ခုပါဝင်ပြီး။ မျှဝေသုံးသော Cache တစ်ခုပါဝင်၏။
၂။ Core Duo ဆိုသည်မှာ Dual-Core နည်းပညာကို အသုံးပြုထားသော Intel ၏ product
တစ်ခုဖြစ်လေသည်။
၃။ Core 2 Duo ကား Core Duo အား မွမ်းမံပြုပြင် ထုတ်လုပ်လိုက်သော အမျိုးအစားအသစ်
သာဖြစ်၏။ ၄င် အမည်တွင်ပါဝင်သော 2 ကား Version နံပါတ်ကို ဆိုလိုရင်းတည်း။
၎။ Dual Core ဟုဆိုဆို၊ Duo Core ဟုဆိုဆို၊ Core 2 ဟုဆိုဆို Core ၂ လုံးပါသော CPU ကို
ဆိုလိုသည်တည်း။
၅။ အထက်ပါ အချက် ၂ နှင့် ၃ ကို အခြေခံပြီး Core 2 Quad ဆိုသည်မှာ Core Quad ၏ Version 2
သာဖြစ်ကြောင်း။ Quad ဟူသော စာလုံးအရ Core ၄ ခုပါကြောင်း မှတ်ယူနိုင်၏။
\
သီးခြားစီပါရှိနေတာကိုပဲ  Dual Core Processor လို့ ခေါ်ကြတာပါ။ တကယ်တော့ Dual Core Processor
ဆိုတာဟာလည်း Physical အရ CPU တစ်လုံးပါပဲ။ ဒါပေမယ့် အဲ့ဒီ CPU မှာပဲ Processor နှစ်ခုပါပါတယ်။ Logical
အရပေါ့နော်။ အဲ့ဒီလို Processor နှစ်ခုပါတဲ့အတွက်ကြောင့် Dual Core Processor လို့ ခေါ်ကြတာပါ။  အဲ့ဒီလို
CPU တစ်လုံးတည်းပေါ်မှာ Processor နှစ်ခုပါရှိတဲ့အတွက်ကြောင့် ဒီ Dual Core Processor ရဲ့ လုပ်နိုင်စွမ်းအား
Performance ဟာ Single Core Processor တွေထက် ပိုပြီးတော့ မြန်ဆန်ပါတယ်။ Performance
ကောင်းတယ်ဆိုတာ ဘာကိုပြောတာလဲဆိုတော့- ဥပမာ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာပဲ Instruction နှစ်ခုကို
တွက်ချက်ပေးရမယ်ဆိုရင် ဒီ Dual Core Processor ဟာ တစ်ချိန်တည်း တစ်ပြိုင်တည်း
တွက်ချက်ပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ Processor  နှစ်ခုပါတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ Single
Core Processor တွေမှာတော့ ထိုကဲ့သို့ လုပ်ဆောင်နိုင်ခြင်း မရှိပါဘူး။ ဒါကြောင့်မို့လို့ Dual Core Processor
ဟာ ပိုပြီးတော့ လုပ်ဆောင်ချက် Performance ကောင်းတယ်လို့ ဆိုတာပါ။ အလုပ်နှစ်ခုကို
နှစ်ခေါက်လုပ်နေရတာထက် တစ်ကြိမ်တည်းနှင့် လုပ်ပြီးတယ်ဆိုရင် ပိုမြန်တာပေါ့။ ဒါကပဲ Dual Core Processor
ရဲ့ အားသာချက် ဖြစ်ပါတယ်။
Dual Core Procesoor ထက် ကောင်းမွန်တဲ့ Processor တစ်ခု ထွက်ရှိလာပြန်ပါတယ်။ ၎င်းကတော့ Core 2
Duo Processor ပါပဲ။ Dual Core မှာတောင် Performance တွေက အရမ်းကောင်းနေပါပြီ။ Core 2 Duo
မှာဆိုရင်တော့ ပြောစရာတောင် လိုမယ် မထင်ပါဘူး။ အဓိက ကွားခြားချက်ကတော့ L2 Cache ကနေ စတာပါပဲ။
Dual Core မှာ ပါဝင်တဲ့ L2 Cache ဟာဆိုရင် 2MB ပဲ ပါရှိပါတယ်။ Core 2 Duo မှာတော့ Cache ကို
နှစ်ဆတောင် မြင့်လိုက်တာ Core 2 Duo ရဲ့ Cache က 4MB အထိတောင် ဖြစ်လာပါတယ်။ CPU မှာပါဝင်တဲ့
Cache ကို အသုံးပြုပြီး တွက်ချက်ခြင်းဟာဆိုရင် RAM ကို အသုံးပြုပြီး တွက်ချက်တာထက် ပိုပြီးတော့
မြန်ဆန်သွက်လက်စေပါတယ်။ ဒီတော့ Core 2 Duo ဟာ ပိုပြီးတော့ မြန်ဆန်လာပြီပေါ့။
Dual Core နဲ့ Core 2 Duo တို့ရဲ့ ကွားခြားချက် နောက်တစ်မျိုးရှိပါသေးတယ်။ ၎င်းကတော့ Front Side
Bus ပဲ ဖြစ်ပါတယ်။ Front Side Bus က Dual Core မှာတော့ 533 MHz ရှိပြီး၊ Core 2 Duo မှာတော့ Front
Side Bus က 1066 MHz အထိတောင်ရှိပါတယ်။ အဲဒီတော့ Front Side Bus ကိုပဲကြည့်ကြည့်၊ L2 Cache
ကိုပဲကြည့်ကြည့် Core
2 Duo ဟာ Dual Core ထက် နှစ်ဆလောက် သာနေတာကို တွေ့ရပါတယ်။ အနာဂတ် ကွန်ပျူတာတွေမှာတော့
Core 2 Duo Processor တွေကို အသုံးပြုလာကြပါတယ်။ယခုဆို core i7 Processor များထွက်ပေါ်နေပြီဖြစ်ပါတယ်။
Safe mode အားအသုံးပြုခြင်း
Windows 95 မှာကတည်းက စပြီးအသုံးပြုခဲ့တာဖြစ်ပါတယ် Windows ကိုပုံမှန် တက်တဲ့ ဘက်ကနေ မတက်ပဲနဲ့ safe mode ကိုတက်ပြီးဘာကြောင့်အသုံးပြုရတာလဲ.. ဘယ်လို အခြေနေမျိုးမှာ အ သုံး ပြုရလဲဆိုတော့ ဥပမာ video VGA card တစ်ခုစိုက်လိုက်တယ်..စိုက်လိုက်တဲ့  card ကို driver တင် ပေးရပါတယ် အဲလို driver တင်ပေးလိုက်သော်လည်း normal mode မှာ အလုပ်မလုပ်ပဲနဲ့ အပြာ ရောင် screen တက်လာတဲ့ အခါမျိုးကျရင်ပဲဖြစ်ဖြစ် ပုံမှန် အသုံးပြုနေကျဝင်းဒိုးဘက်မှာ software တစ်ခုကို ဘယ်လိုနည်းနဲ့ မှ uninstall လုပ်လို့ အဆင်မပြေရင်ပဲဖြစ်ဖြစ် safe mode ကနေ ၀င်ရောက်ပြီးပြုပြင်ပေးလို့ ၇ပါတယ်..ကွန်ပျူတာ troubleshooting အတွက် အသုံးဝင်သော mode တစ်ခုဖြစ်ပါတယ်….safe mode ထဲကိုဝင်ရောက်ဖို့ အတွက် F8 ကီးကို အသုံးပြု ရပါတယ်.. ၀င်ရောက်ဖို့ အတွက် computer ကိုRestart ချပြီးတာနဲ့ ပြန်အတက်မှာ F8 ကီးကိုနိုပ်ပေးခြင်းဖြင့် ၀င်ရောက်ရပါတယ်..safe mode ကိုရောက်သွား ပြီဆိုရင် အောက်က ပုံအတိုင်းမြင်ရပါမယ်..
နောက် safe mode ကို F8 ကီးကိုမနိုပ်ပဲနဲ့   msconfig မှာပြင်ပြီးတော့လည်းဝင်လို့ ရပါတယ်..ပြင်နည်းကတော့
1.Go to Start - Run and type or paste MSCONFIG then press enter
2.Click on the the Boot.ini tab
3.Click the box for /SAFEBOOT to select it
4. Minimal should be selected, if not select it
5.Click Apply then OK ..
(safe mode ကိုအသုံးပြုပြီးပြီဆိုရင် ဒီ msconfig ထဲ setting တွေကို နဂိုပုံမှန် အတိုင်းပြန်ထားပေးပါ..ထိုသို့ မဟုတ်ပါက safe mode ကိုချည်းပဲအမြဲတမ်းဝင်နေပါလိမ့် မယ်)
ကီးဘုတ်မှ up/down arrow key ဖြင့်ရွေးချယ်ပြီးဝင်ရောက်နိုင်ပါတယ်..
Safe Mode
ကွန်ပျူတာက normal အတိုင်းဝင်းဒိုးမတက်တော့ဘူးဆိုရင် safe mode ကိုအသုံးပြုပါတယ်..safe mode ကနေ boot optionေ၇ွးချယ်တဲ့အခါ..အသုံးပြုနေတဲ့ services တွေကို မလိုအပ် တာ တွေဖြုတ်လိုအပ်တာတွေကို ထည့်သွင်းဖို့ လုပ်ချင်တဲ့ အခါ..
windows system ကို change ချင်တဲ့အခါ..hardware devices တွေနဲ့  driver တွေကို uninstall လုပ်ချင်တဲ့ အခါမျိုးတွေ
မှာဆိုရင် ဒီ safe mode ကိုအသုံးပြုပါတယ်..
Safe Mode with Networking
Networking နဲ့ ပတ်သက်တဲ့ configuration တွေကို ဒီ option ကသိမ်းဆည်းထားပေးပါတယ်..မိမိဘာသာ
မိမိပြင်ချင်တယ်ဆိုရင် ဒီနေရာကနေပြင်နိုင်ပါတယ်..
Safe Mode with Command Prompt 
ဒီ option က command line တွေကို အသုံးပြုပြီးလုပ်ကိုင်ရတဲ့  option ဖြစ်ပါတယ်..ဒီoption ကိုအသုံးပြုမယ်ဆိုရင် command line တွေကို လေ့လာထားရပါတယ်..အဲဒီcommand lineတွေကို သိထားမှသာလျင် မိမိ ခိုင်းချင်တဲ့ target ကိုရောက်မှာဖြစ်ပါတယ်…
Enable Boot Logging
ဒီ enable boot logging option က boot process အတွက် log file တွေကို ဖန်တီးပါတယ် အဲဒီ files တွေကိုပြန်ပြီး တော့ကြည့်နိုင်ပါတယ်..
Enable VGA mode
ဒီ option က VGA driver ရဲ့  standard ပါ..တကယ်လို့ များ VGA ကကြောင်းအမျိုးမျိုးကြောင့် problem တက်လာခဲ့မယ် ဆိုရင် ဒီ Enable VGA mode ကနေ လာရောက်ပြုပြင်နိုင်ပါတယ်..
Last known Good configuration
ဒီ configuration ကဘာလဲဆိုတော့ registry မှနောက်ဆုံး အကောင်းဆုံးအသုံးပြုခဲ့တဲ့  windows setting တွေကို သိမ်းဆည်း ထားပေးပါ  တယ်..တကယ်လို့များ မိမိက windows configuration တစ်ခုခုကိုပြောင်းလဲခဲ့မယ်..ပြီးတဲ့အခါ restart ချလိုက်လို့ ပြန်မတက်လာတော့ပဲနဲ့ restart မှာတင်ပဲပတ်ချာလည်ဖြစ်နေတတ်ပါတယ် အထူးသဖြင့် ctrl+alt+del ဆိုတဲ့ message ပဲပေးပြီးဖြစ်နေတတ်တဲ့အချိန်အခါမျိုးတွေမှာဆိုရင် ဒီ last known good configuration ကိုအသုံးပြုနိုင်ပါတယ်..ဒီ configuration မှာလည်းမိမိက hardware new driver တင်လိုက်တာ driver ကမှန်မှန်ကန်ကန် အလုပ်မလုပ်တော့တဲ့ အခါမျိုးဆိုရင်လည်းအသုံးပြု လို့ ရပါတယ် နောက်ဆုံးအသုံးပြုခဲ့တဲ့  good registry saved ကို မှတ်သားထားတဲ့ အတွက်ကြောင့် သူကိုရွေးချယ်ပြိးတာနဲ့ ပုံမှန်နဂို အကောင်းအတိုင်းအသုံးပြုလို့ ရနိုင်ပါတယ်…
Directory Services Restore Mode
Debugging Mode
ဒီ option တွင်လည်း user သည် windows programmer မဟုတ်သည့်တိုင် ဘာမျှလုပ်ပေးစရာမလိုအပ်ပါ..windows programmer များသာလျင် ကွန်ပျူတာ windows program troubleshoot ပြုလုပ်ရာတွင်အသုံးပြုပါတယ်..
Start Windows Normally
ဒီ mode ကတော့ ၀င်းဒိုးကို ပုံမှန်အသုံးပြုတဲ့ အတိုင်းရွေးချယ်ခြင်းဖြင့် မိမိအသုံးပြုနေကျဝင်းဒိုးကိုဝင်ရောက် မှာဖြစ်ပါတယ်..
Reboot
Restart ပြန်ချပါတယ်..operating system အားအစမှပြန်လည်လုပ်ဆောင်စေခြင်းဖြစ်ပါတယ်..
Return to OS choices menu
Operation system နှစ်ခု သုံးခု တင်ထားတဲ့ အခါမျိုးတွေမှာဆိုရင် OS ကို ရွေးချယ်ဖို့ အတွက်ဖြစ်ပါတယ်.. သက်ဆိုင်တဲ့  OS ကို ပြင်ဆင်ဖို့  ပြန်လည်ရွေးခိုင်းဖို့ ဖြစ်ပါတယ်..
အထူးသဖြင့် အောက်တွင် ပြထားသော mode များသည် အသုံးများဆုံးနဲ့ အသုံးဝင်ဆုံး mode တွေဖြစ်ပါတယ်..
Safe Mode
Safe Mode with Command Prompt 
Enable VGA mode
Last known Good configuration
Start Windows Normally
Safe mode သည် hardware သမားတိုင်းရဲ့ trouble shooting tools တစ်ခုဖြစ်ပါတယ်..
Safe mode ကို တစ်ထောင့်တစ်နေရာမှအဆင်ပြေပြေအသုံးပြုနိုင်ကြပါစေ..
Wednesday, November 30, 2011
Word အခြေခံတစ်ချို့
ဒဒွေး ရိုက်မရရင် / စာကြောင်း ပထမစာလုံး ပြဿနာ
1. Tools > Auto Correct Options ကို ဖွင့်ပါ။
2. Auto format as you type ကိုထပ်ဖွင့်ပါ။
3. Check box တွေထဲက အပေါ်ဆုံးဖြစ်တဲ့ Straight quotes ဆိုတာကို အမှတ်ခြစ်ထားတာ ဖြုတ်ပေးပါ။ ဒါဆို ဒဒွေး အတွက်
အိုကေပါပြီ။
4. စာကြောင်းရဲ့ ပထမဆုံး စာလုံးတွေ ပြောင်းသွားတဲ့ ပြဿနာအတွက်ကျတော့ Tools > Auto Correct Options ကိုဖွင့်ပြီး
Check box တွေထဲက Captalize နဲ့စတဲ့၃ ခုလုံးကိုအမှတ်ခြစ်ထားတာ ဖြုတ်ပေးပါ။
Insert File
Word ဖိုင်တခုထဲကို အခြား Word ဖိုင်ထဲက စာတွေ ထည့်သွင်းဖို့လိုရင် Copy / Paste လုပ်တာထက်ပိုအဆင်ပြေတာက Insert >
File ကိုအသုံးပြုတာ ဖြစ်ပါတယ်။
1. Insert > File ကို ဖွင့်ပါ။
2. Look in မှာ ကိုယ့်ဖိုင်ရှိတဲ့ နေရာ လိုက်ရှာပါ။
3. ဖိုင်ကို select လုပ်ပါ။
4. Insert ကိုကလစ်ပါ။ ဒါဆိုအခြား ဖိုင်ကစာတွေ ရောက်လာပါပြီ။
Robo Form 2Go 6.9.95
ဒီနေ့ Advanced SystemCare 5 ကို full version လိုက်ရှာရင်းနဲ့ မျက်စိလည်ပြီး ဘယ်လိုဘယ်လိုတင်မိမှန်မသိတဲ့ ဆော့ဝဲလေး တစ်ခု အကြောင်းဖောက်သည်ချလိုက်ပါတယ် RoboForm အကြောင်းလေးပါ..
http://www.softpedia.com/get/PORTABLE-SOFTWARE/Security/Password-Managers---Generators/Windows-Portable-Applications-Pass2Go.shtml
2.99 MB အရွယ်ပမာဏရှိပြီး အခမဲ့ရယူအသုံးပြုနိုင်တဲ့ ဆောဖ်ဝဲဖြစ်ပါတယ်။ Windows 2003, Windows Vista, Windows 95, Windows Me, Windows Server 2008, Windows XP, Windows 2000, Windows NT နဲ့ Widows 98 တို့မှာ အသုံးပြုနိုင်ပါတယ်။
RoboForm 2Go ဟာ Roboform ရဲ့ portable version ဖြစ်ပြီး USB flash drive ကနေ Run နိုင်ပါတယ်။ ၀က်ဘ်ဆိုက်များအတွင်းသို့ login ၀င်ရောက်ခြင်းများကို အမြန်ဆုံးနဲ့အလွယ်ကူဆုံးပြုလုပ်ပေးနိုင်ပြီး registration form  များကိုလည်းမှတ်သားပေးထားကာ Roboform 2 Go မှာဖြည့်ထားရုံဖြင့် ၀က်ဘ်စာမျက်နှာတွေမှာ အလိုအလျောက်ဖြည့်စွက်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ၀က်ဘ်ဆိုက်များရဲ့ password များကိုမှတ်သားထားစရာမလိုပဲ Roboform 2Go ရဲ့ master password သာသိထားဖို့လိုအပ်ပါတယ်။
Password လုံခြုံရေး
ကျွန်တော်တို့ Web form တစ်ခုကို ဖြည့်တဲ့အခါ Internet Explorer မှာပဲ ဖြစ်ဖြစ် Firefox မှာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ဖြည့်သွင်းလိုက်တဲ့ Password ကို မှတ်ထားမှာလား ဆိုပြီး Browser ကနေ မေးတာကို ကြုံဖူးကြမှာပါ။ ခုလိုမျိုးပေါ့။
Mozilla Firefox တွင် မေးမြန်းပုံ။ 
Internet Explorer တွင် မေးမြန်းပုံ။
တကယ်လို့ ဒီလိုမေးခွန်းမျိုးဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ကွန်ပြူတာမှာ သုံးစွဲနေတုန်း မေးမြန်းတာမျိုး ဆိုခဲ့ရင်တော့ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် Yes လို့ Click ပေးလိုက်ပြီး ကွန်ပြူတာမှာ မှတ်သားထားဖို့ စေခိုင်းနိုင်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ မှတ်ထားသင့်တာက Web browsers တွေမှာပါတဲ့ " Remember Me " option ဆိုတာ အသုံးဝင်တာမှန်ပေမယ့် သတိထားသင့်တဲ့ မိမိ password လုံခြုံရေးအတွက် သတိထားသင့်တဲ့ အရာတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ကွန်ပြူတာကို ဖျော်ဖြေရေး သဘောမျိုးအသုံးပြုတဲ့သူ ဒါမှမဟုတ် ကွန်ပြူတာနဲ့ မရင်းနှီးတဲ့ သူ တော်တော်များများဟာ ကွန်ပြူတာက မေးတဲ့ မေးခွန်းတိုင်းကို စာကြောင်းဆုံးအောင် မဖတ်ကြပဲ စိတ်မရှည်စွာနဲ့ OK ပေးမလားမေးရင် OK ပေးတယ် ၊ Yes ပေးမလား မေးရင် Yes ပေးကြတယ် ၊ Yes or No ဆိုရင်လည်း ဘာမှန်းမသိပဲ Yes ကိုပဲပေးကြတာများပါတယ်။ ဒီ အလေ့အကျင့်တွေက တော်တော် မကောင်းပါဘူး ရှိနေတယ် ဆိုရင်လည်း ပြင်သင့်ပါတယ်။ တစ်ခြား နေရာတွေမှာ ဘယ်လိုပဲ ပေးပေး ခုလို မိမိ Password လုံခြုံရေးအတွက် Confirm တောင်းတဲ့ မေးခွန်းမျိုးမှာတော့ Yes ပေးလိုက်မိရင် ဘာဖြစ်နိုင်တယ် ဆိုတာ ကျွန်တော် အောက်မှာ တဆင့်ချင်း ဖော်ပြပေးသွားပါ့မယ်။
Internet Explorer အတွင်း Auto-Complete မှတ်သားထားသော Passwords များအား ပြန်လည်ဖော်ယူခြင်း
တကယ်လို့ ကျွန်တော်တို့ဟာ အထက်မှာ ဖော်ပြခဲ့သလိုမျိုး Internet Explorer မှာ ဒါမှမဟုတ် Mozilla Firefox မှာ မိမိ Password ကို Remember လုပ်ဖို့ မှတ်သားခိုင်းလိုက်ပြီ ဆိုရင် မိမိမှတ်သားခိုင်းလိုက်တဲ့ Password နဲ့ Username ကို Internet Explorer မှာ ဆို 35kb လောက်ပဲ ရှိတဲ့ IE PassView လို့ ခေါ်တဲ့ အပေါ့စား tool လေး တစ်ခုသုံးပြီး Windows Registry ထဲထိ ဝင်ကြည်စရာ မလိုပဲ ဆိုဒ်တစ်ခုအတွက် ကျွန်တော်တို့ ရိုက်သွင်းလိုက်တဲ့ Username နဲ့ Password ကို အခြားလူတစ်ယောက်က အလွယ်တကူရရှိသွားနိုင်ပါတယ်။ ဒီ Tool လေးဟာ IE ထဲမှာ မှတ်သားထားသမျှ Username တွေ Password တွေအကုန်လုံးကို အလွယ်တကူ ဖော်ပြသွားနိုင်ပါတယ်။ ဒီအောက်က ပုံကို ကြည့်ပါ။
Mozilla Firefox အတွင်း Auto-Complete မှတ်သားထားသော Passwords များအား ပြန်လည်ဖော်ယူခြင်း
Firefox မှာတော့ User တစ်ယောက် မှတ်သားထားတဲ့ Password ကို ဖော်ယူရတာ Mouse ကို ဘယ်လိုရွှေ့ရတယ် ဆိုတာ သိသူဆိုရင်တောင် အလွယ်တကူ ဖော်ယူနိုင်ပါတယ်။
နည်းလမ်းကတော့ Tools > Options > Security > Saved Passwords > Show Password ဆိုရင် ရပါပြီ။ အဲ့ထဲမှာ ကျွန်တော်တို့ Browsers တွင်းမှာ မှတ်ခိုင်းထားသမျှ Passwords အားလုံးရော Username အားလုံးရော ရှိနေပါတယ်။
ဒီလို အဖြစ်အပျက်မျိုးတွေကြောင့် IE မှာပဲ ဖြစ်ဖြစ် Firefox မှာပဲ ဖြစ်ဖြစ် " Remember me " option ကို သုံးတော့မယ် ဆိုတဲ့ အခါ မိမိသုံးနေကျ အင်တာနက်ဆိုင်မျိုးတင် မကပဲ ကိုယ့်ကွန်ပြူတာမှာ ကိုယ်သုံးမယ် ဆိုရင်တောင် သတိထားသင့်ပါတယ်။ မသမာသူ ဆိုတာ ဘယ်အချိန်မှာ ဘာကို ကြံစည်မယ်မှန်း ကျွန်တော်တို့ မရိပ်မိနိုင်ပါဘူး။ အဲတာကြောင့် Internet Explorer ကို သုံးမယ် ဆိုတဲ့ အခါ မိမိ Password လုံခြုံရေးကို တိုးမြှင့်ချင်မယ် ဆိုရင်တော့ အောက်ဖော်ပြပါ ပုံစံအတိုင်း Internet Explorer ထဲက Tools > Options ထဲမှာ ရှိတဲ့ Check boxes အားလုံးကို ကလစ်ဖြုတ်ထားသင့်ပါတယ်။ ဒီလိုလုပ်ထားခြင်း အားဖြင့် အင်တာနက်နဲ့ ပတ်သတ်ပြီး မိမိရဲ့ လှုပ်ရှားမှု အားလုံးကို လုံခြုံစေနိုင်ပါလိမ့်မယ်။
Mozilla Firefox မှာတော့ " Remember me " option ကို အသုံးပြုချင်တယ် ဆိုရင် အကောင်းဆုံးကတော့ Use a master password. ကို အသုံးပြုကြဖို့ အကြံပြုချင်ပါတယ်။ အသုံးပြုဖို့ကတော့ Tools > Options > Security > Use a mater password ကို Click ပေးပြီး မိမိ ဝှက်ထားချင်တဲ့ Password တစ်ခုကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်လိုက်ခြင်း အားဖြင့် ဘာများ ထူးခြားသွားလဲ ဆိုရင် တစ်စုံ တစ်ယောက်က ကိုယ် Remember လုပ်ထားတဲ့ Password တွေကို ကိုယ်မရှိချိန် ခိုးကြည့်ဖို့ ကြိုးစားတဲ့ အခါမှ အရင်ကလို အလွယ်တကူ ကြည့်လို့ မရတော့ပဲ ကိုပေးထားတဲ့  Master password ကို ဖြည့်ပေးဖို့ တောင်းခံပါလိမ့်မယ်။
ဒီလိုဆို ကိုယ့် Password ကို သိနိုင်ဖို့ ကြိုးစားတဲ့ သူ အနဲနဲ့ အများ လက်တွန့် သွားလောက်ပါပြီ။
သူတို့လိုမျိုး မိမိ Password လုံခြုံရေးအတွက် Online ကနေ အာမခံ ဝန်ဆောင်မှု ပေးနေတဲ့ Software တွေလည်း ခုချိန်မှာ အတော်များများ ပေါ်ထွက်နေပါပြီ။ ဝါသနာပါမယ် ဆိုရင်တော့ ဒီအောက်ဖော်ပြပါ နေရာတွေကို သွားပြီး စမ်းသပ်နိုင်ပါပြီ။
( 1 ) Roboform
( 2 ) LastPass
( 5 ) KeePass
( 6 ) iMacros
( 7 ) OpenID
( 8 ) Billeo
သူတို့ရဲ့ စွမ်းဆောင်ရည်ကတော့ နေ့စဉ်နေ့တိုင်း လည်ပတ်သွားလာနေကျ ဆိုဒ်တွေ ၊ ( ဥပမာ - Yahoo, Google, MSN ကနေ စပြီး မိမိ Register လုပ်ထားရာ ဘယ်ဆိုဒ်ကို မဆို ) ရောက်သွားတဲ့ အချိန်မှာ ကိုယ့် Password ကို ၂ ခါထပ် ဖြည့်သွင်းစရာ မလိုပဲ တစ်ခါ ဖြည့်ထားယုံနဲ့ အဲ့ Software တွေက အလုံခြုံဆုံး ဖြစ်အောင် encrpted လုပ်ထားပေးပြီး လိုအပ်ချိန်မှာ အသင့်သုံး အနေအထားဖြစ်အောင် ကလစ်ပေးယုံနဲ့ အားလုံး ပြည့်စုံအောင် စွမ်းဆောင်ပေးတဲ့ Software တွေပါ။ ဒါက အတိုချုံး ပြောတာပါ။ နောက်ထပ် စွမ်းဆောင်ရည်တွေ အများကြီး ကျန်ပါသေးတယ်။ ကျွန်တော်ကတော့ အားလုံးထဲမှာ Roboform ကို သဘောကျပါတယ်။ ဒီအကြောင်းအရာက သိပြီးသား သူတွေလည်း ရှိနိုင်ပါတယ်။ နောက်ထပ် ဆက်စပ်နေတဲ့ Keylogger တွေအကြောင်း ပြောဖို့ ရှိပါသေးတယ်။ ဒါပေမယ့် Keylogger အကြောင်းက အတော်တော်များများ သိပြီးသားဖြစ်လောက်ပြီ မို့လို့ ထူးပြီး မပြောခဲ့တော့ပါဘူး။ မိသားစု အားလုံး အင်တာနက်တွင်းမှာ လုံခြုံချောမွေ့စွာနဲ့ လှည့်လည်သွားလာနိုင်ကြပါစေ။
KznT.
Friday, November 11, 2011
အိမ်ငယ်လေးမှ ကြိုဆိုပါတယ်
ဒီblog လေးကို 12.11.2011 မှာ စတင်ဖန်းတီးခဲ့ပါတယ်
ဘာအကြောင်းရာတွေရေးဖြစ်မလဲ ဆိုတော့ အိဆွေ ဖတ်သမျှ သိသမျှ လေးတွေကို အခြားblog ကနေ မျှဝေမယ် ပြီးတော့ ကိုယ်သိတာလေးတွေ ပြောပြမယ်ပေါ့နော်
အားလုံးကတော့ နည်းပညာနဲ့ဆိုင်တာချည်းပဲဖြစ်နေပါလိမ့်မယ်
ဒီ blog ထဲကို ၀င်ရောက်ဖတ်ရှုကြသူအပေါင်း အသိတစ်ခုလောက် တိုးသွားခဲ့ရင်ကျေနပ်ပါတယ်
အိမ်ငယ်လေး Blogger Template by Ipietoon Blogger Template