Sunday, December 11, 2011

ကွန်ပျူတာမှာ power supply မကောင်းတော့ဘူးဆိုရင်

ကွန်ပျူတာတစ်လုံးမှာ power supply ကအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ် မားသားဘုတ်နဲ့ အခြားသော peripheral device တွေကို power ပေးရလို့ ပါပဲ အ၀င် AC ကနေ အထွက် DC ကိုပြောင်းလဲပေးပြီး power တွေကို distribute လုပ်ပေးရတဲ့ တာဝန်ကိုထမ်းဆောင်ရပါတယ်..မရှိမဖြစ်လိုအပ်တဲ့ ဒီလိုpower supply တစ်လုံးကွန်ပျူတာမှာအကောင်းဘူးဆိုရင် ဘယ်လိုတွေဖြစ်လာမလဲဆိုတာဆွေးနွေးကြည့်ရအောင်..
Power supply ပျက်နိုင်သည့်အကြောင်းတရားများ
1.FAN
2.Components
3.Cord
4.Connector
5.Electrical surge
6.Default industry


1.FAN-power supply မှာ fan ပါရှိပါတယ်..ဒီ fan လည်မှု မလည်မှုပေါ် မူတည်ပြီးတော့ troubleshoot လုပ်တဲ့ နေရာမှာ သုံးသပ်ပြီး လုပ်ဆောင်လို့ ရပါတယ်..အချို့ power supply တွေဆို fan ကလည်လို့  လည်မှန်းတောင်မသိဘူးအရမ်းညင်သာတယ်..ဆူညံမှုနည်းလေကောင်းလေပေါ့..မနက်ဘက်နှစ်နာရီသုံးနာရီဆိုတော် တော်သိသာတယ်..စက်ရှေ့ မှာထိုင်ဖူးရင်ပေါ့..ဒီ power supply မှာပါတဲ့ fan က တစ်မိနစ်မှာ အပတ်ရေ ဘယ်လောက်နဲ့ လည်ပတ်တယ်ဆိုပြီးတော့တိုင်းတာပါတယ် Revolution per minute RPM နဲ့ တိုင်းပါတယ် FAN လည်နှုန်းကျသွားရင် power supply က heatတွေမတရားတက်လာပြီးပူလာမယ် နောက်ဆုံးမခံနိုင် တော့ပဲလောင် သွားမယ်..ဒါကြောင့် Power supply fan ပုံမှန်လည်ပတ်မှုမရှိပဲ နှေးသွားရင် ( သို့  )ပျက်စီးသွား ရင် power supply ပျက်နိုင်ပါတယ်..
2.Components – power supply ထဲမှာ circuit board ပါရှိပါတယ်..အဲဒီ circuit board မှာပါတဲ့ components တွေရဲ့ ချို့ ယွင်းမှု ဒါမှမဟုတ်အပူကြောင့် capacitor များလောင်ကျွမ်းခြင်း converter circuit လောင်ကျွမ်းခြင်းကြောင့် Power supply ပျက်စီးနိုင်ပါတယ်..
3.Cord - ကြိုးကတော့ ပျက်ခဲလှပါတယ် သူကပေါက်ပြဲ ပျက်စီးရင်လည်း leakage ဖြစ်တာကြောင့် တစ်ကြောင်းပေါက်ပြဲပျက်စီးတဲ့ နေရာနဲ့ motherboard ပေါ်က component တစ်ခုခု (သို့ )casing နဲ့ သွားထိပြိး short ဖြစ်နိုင်ပါတယ်..ပေါက်ပြဲတဲ့ နေရာကို တိပ်နဲ့ ပတ်ထားလို့ တော့ရပါတယ်..ဒါပေမဲ့ အထွက်ဗို့ ကိုတိုင်းကြည့်ရမှာဖြစ်ပါတယ်..
4.Connector – power supply အထွက်မှာ DC ကိုပြောင်းလဲပေးတဲ့  motherboard ကိုပေးတဲ့ ပါဝါ connector , hard disk,CD Rom ကိုပေးတဲ့ Power connector တွေပါရှိတယ် ဒီ power connector တွေက မကောင်းရင် ( များသောအားဖြင့်အထွက် ဗို့ အားမမှန်ရင်ပေါ့လေ..) တခြား ပစ္စည်းတွေကို ထိခိုက်နိုင်ပါတယ်..ဒါကြောင့်  connector ကောင်းဖို့ လိုပါတယ် အထွက်ဗို့ အားမှန်ဖို့ လိုပါတယ်..အထွက်ဗို့ အားမမှန်လို့ hard disk သုံးလေးလုံးလောက်ကြွခဲ့ဖူးတာလဲ သာဓက ရှိခဲ့ဖူးတော့ connnector တွေ အထွက်ဗို့ အားမမှန်ရင် လည်း power connector ကိုဖြူတ်လဲလို့ အဆင်မပြေဘူးလေ တစ်ခုမကောင်းရင် တခြားခေါင်းတွေနဲ့ ပြောင်းသုံး ဒါပဲရှိတယ်ကောင်းတဲ့ ခေါင်းကနေမှ ပြန်ပွားထုတ်ပြီးသုံးရုံပဲရှိတာပဲ အဲ hard disk CD Rom တို့ ကို power ပေးတဲ့  connector က လေးခုလောက်အနည်းဆုံးပါတယ် motherboard connecotor ကတော့အပိုမပါဘူး    motherboard connector မကောင်းလို့ ကတော့ အသစ်လဲရဖို့ များတယ်..
5.Electric surge - မီးအားရုတ်တရက်မြင့်တက်လိုက် ကျသွားလိုက်ဖြစ်မှုကြောင့် power supply က power load မခံနိုင်တော့ပဲ  power supply ပျက်စီးနိုင်ပါတယ်..
6.Default industry - စက်ရုံကနေပြီးနေတာ့ရာနဲ့ ထောင်နဲ့ ချီတဲ့ Power supply ကိုထုတ်လိုက်တာဆိုတော့ အပျက်အစီး အနည်းငယ်တော့ရှိကြမှာပါပဲ ..သူငယ်ချင်းတစ်ယောက်လဲကြုံဖူးတယ် ဘယ်လောက်မှမကြာသေးဘူး ၀ယ်ပြီးစ တစ်ပတ်လောက်ပဲရှိသေးတယ် စက်က သူ့ အလို လိုထိုးရပ်သွားတယ်..တခြားPower supply အစားထိုးကြည့်တော့ အကောင်းပကတိတိုင်းအလုပ်လုပ်နေတာဖြစ်လို့ Power supply ပျက်တာသေချာတာဖြစ်တဲ့ အတွက် ပြန်လဲလိုက်ရပါတယ်..
Power supply ပျက်ပြီဆိုလျင်သိနိုင်သည့်အချက်များ
Crashes – power supply ပျက်လျင် မမျော်လင့်ပဲ ရုတ်တစ်ရက် ပါဝါလုံးဝ မလာတော့ခြင်း (သို့ ) Restart ခဏခဏ ကျနေခြင်း , processor နဲ့  RAM တို့ ရဲ့  Heat က သာမှန်ထက်ပို၍ပူလာခြင်း ဟာ power supply ကိုပျက်စီးစေနိုင်တဲ့  symptom တွေပဲဖြစ်ပါတယ်..နောက်ကွန်ပျူတာ မှာ power supply failure error message တွေ အမျိုးမျိုးပြနေတတ်ပါတယ်....
Heat – power supply ပျက်ပီဆိုရင် အရမ်းပူလာပြီးလက်နဲ့ ထိရင်တောင် အရေပြားလောင်တဲ့အထိဖြစ်နိုင်တယ်..အတွင်းက fan ကလည်နှုန်းတအားနှေးသွားလို့ အပူတွေမတရားထွက်လာတာဖြစ်တယ်..ထိုအတူပဲ cpu နဲ့ RAM တွေ ရဲ့ temperature တွေလည်းမြင့်တက်လာစေနိုင်တယ်..
Noise and Smell
Power supply က ၀ယ်တုန်းကတော့အကောင်း fan လည်သံလေးက ညင်ညင်သာသာလေး ယခုတော့ဆူဆူညံဖြစ်နေမယ် နောက်မီးခိုးနံ့ လိုလို ငြော်နံ့ လိုလိုရနေမယ်ဆိုရင် power supply ပျက်ဖို့ ရာလက်ခဏာတွေဖြစ်ပါတယ်..fan လည်တဲ့အသံက မနည်းရုန်းနေရတဲ့အသံ (သို့ )တအားဆူနေသလား နားထောင်ကြည့်ရင်သိနိုင်ပါတယ်…power supply အနားကပ်ကြည့်လို့ ငြော်နံ့ မီးခိုးနံ့ ရနေရင် power supply လဲရဖို့ များနေပီ..
Startup Failure - ကွန်ပျူတာ Power စဖွင့်ဖွင့်ချင်းမှာကိုက ဘာမှကို မလာတော့တာ power supply fan လည်တဲ့ အသံလည်းမကြားရသလို power လုံးဝကို မထွက်တော့တာမျိုးဖြစ်ပါတယ်..ဒါဆိုရင် motherboard နဲ့ တစ်ခြား peripheral device တွေကို power မရောက်တော့ပါဘူး motherboard ဟာ power မရတော့တဲ့အတွက် power supply ပျက်တဲ့လက္ခဏာပါပဲ..
Unexpected shut down – မမျော်လင့်ပဲသုံးနေတုန်း shut down ဖြစ်ဖြစ်သွားခြင်းဟာ power supply ပျက်စီးတဲ့ symptom တစ်ခုဖြစ်ပါတယ်
Quick shut down – power တော့ on လို့ ရပါရဲ့ POST လုပ်ငန်းစဉ် လုပ်နေတုန်း ပဲရှိသေးတယ် မြန်မြန်ဆန်ဆန်ပဲ shut down ဖြစ်ပြီး power freeze ဖြစ်သွားတယ်ဆိုရင်လည်းပဲ power supply မကောင်းတော့တဲ့ လက္ခဏာဖြစ်ပါတယ်..တစ်နည်းအားဖြင့် Power အလုံအလောက်မရတာလဲဖြစ်နိုင်ပါတယ်..
Power supply ပျက်ပြီဆိုရင် ဘာလုပ်မလဲ
အသစ်လဲရုံပဲပေါ့..ကိုယ်ကိုတိုင် power supply ပြင်တဲ့ သူမဟုတ်ရင်ပေါ့..သာမန် user တွေအနေနဲ့ power supply ကို ဖွင့်ပြီးပြင်ဖို့ မကြိုးစားပါနဲ့လို့ ပြောရမှာပဲ အထဲက circuit ဘုတ်မှာ condenser(capacitor) တွေပါရှိတယ် ဒီ capacitor တွေက power ရရှိစဉ်တုန်းက charge တွေကိုသိုလှောင်ထားတဲ့ heigh voltage တွေဖြစ်ပါတယ် သူကအန္တရယ်များပါတယ်..ဒါကြောင့်ကျွမ်းကျင်သူသာလျင်ကိုင်သင့်တယ် ပြင်သင့်တယ်.. power supply ၀ယ်မယ်ဆိုရင် watts များလေ ပိုကောင်းလေပါပဲ..
အထက်ကအကြောင်းအရာတွေက power supply ကိုပဲဦးတည်ပြီးဆွေးနွေးတာဖြစ်လို့ ဘယ်အပိုင်းက ဖြစ်တယ်ဆို တာစဉ်းစားလို့ ရအောင် ဆွေးနွေးလိုက်ရခြင်းဖြစ်ပါတယ် အကြောင်းအရာတွေခေါင်းထဲမှာရှိနေရင် စဉ်းစား ရ လွယ်ပါတယ်..ကဲအားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ..
kosannyeinnn
.........................
Power Supply Meter တိုင်းခြင်း
Power supply မှ DCV အပြည့် ထွက်၊မထွက်ကို Meter နဲ့ စမ်းသပ်ပြပေးသွားမှာ ဖြစ်ပါတယ်။ ပထမဦးစွာ

Power supply ကို casing အတွင်းမှ ဖြုတ်ယူပြီး P1 connector ကို Wire ကြိုး အစိမ်းနှင့် အနက်ကို
ကြေးနန်းကြိုးနှင့် ထိုးထားပါ။ Power supply ကို power on ပေးပါ။ ဒါဆို power supply က fan
လည်လာပါလိမ့်မယ်။
ပထမအဆင့်အနေနဲ့ Power supply ကောင်းမွန်တယ်လို့ ယူဆလို့ရပါတယ်။ Power supply
ကောင်းတာတော့ ဟုတ်ပါပြီ Power supply မှ အထွက် Wire ကြိုးတွေကရော သတ်မှတ်ထားတဲ့ DC volt တွေ
အပြည့်ထွက်ရဲ့လား ဆိုတာကို ဒုတိယအနေနဲ့ စစ်ဆေးရပါအုံးမယ်။
Power supply က AC မှ DC သို့ ပြောင်းလဲပေးတာ ဖြစ်တဲ့အတွက် မီတာနဲ့တိုင်းတဲ့အခါ DC ကိုသာ
ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် meter channel ကို DC Volt သို့ ဦးတည်ပြီးလှည့်ပေးရပါမယ်။ ဟုတ်ပြီ။ DC
Volt ကို လှည့်ထားပြီးပြီဆိုပါစို့။ မည်သည့် volt ကို တိုင်းမှာလဲ။ မီတာမှာတော့ DC volt ကို 0.5 volt မှ 1000
volt အထိ ပြသထားပါတယ်။ သင့်လျော်တဲ့ volt အားကို မှန်ကန်စွာ ရွေးချယ်တိုင်းတာရမှာ ဖြစ်ပါတယ်။
ကွန်ပျူတာမှာရှိတဲ့ power တွေက အများဆုံး 12V ထိပဲ အသုံးပြုပါတယ်။ အဲဒီတော့ သင့်အနေနဲ့ 10 volt
ထက်နည်းတဲ့ wire ကြိုးတွေကို 10 volt နဲ့တိုင်းပြီး၊ 12 volt ကိုတော့ 50 volt နဲ့တိုင်းရပါလိမ့်မယ်။
ကွန်ပျူတာမှာရှိတဲ့ Power supply က wire ကြိုးတွေရဲ့ အလုပ်လုပ်ပုံတွေကိုလည်း သိထားရမှာ ဖြစ်ပါတယ်။
ကြိုးတွေကို အရောင်တွေနဲ့ ခွဲခြားထားပါတယ်။ အရောင်တွေမတူသလို volt တွေလည်း မတူပါဘူး။ အရောင်က
ခုနှစ်မျိုးရှိပြီး၊ အ၀ါရောင်က +12 volt၊ အနီရောင်က 5 volt၊ လိမ္မော်ရောင်က 3.3 volt၊ အညိုရောင်က 3.3V
sense၊ အပြာရောင်က -12 volt၊ အဖြူရောင်က -5 volt၊ ခရမ်းရောင်က +5 volt၊ အစိမ်းရောင်က  power on၊
မီးခိုးရောင်က power good၊ အမည်းရောင်က ground  တို့ဖြစ်ကြပါတယ်။
ဒါကြောင့် ကွန်ပျူတာမှာ 12V ပဲ အများဆုံး သုံးတယ်လို့ ပြောခဲ့တာပေါ့။ Meter channel လေးကို အနီးဆုံး
10V ကို ရွှေ့ပေးလိုက်ပါ။
ဒါဆို စပြီး တိုင်းကြည့်ကြရအောင်။ အရင်ဆုံးအနေနဲ့ power connector ကို စစ်ကြပါစို့။ Meter မှ အနီနှင့်
အနက် Jerk pin လေးနှစ်ခုကို ယူပြီး jerk pin အနက်ကို P1 connector မှာရှိတဲ့ wire အမည်းကြိုးကို
ထိုးထားလိုက်ပါ။ ကြိုက်သည့် အမည်းရောင်ကြိုးမှာ ထိုးနိုင်ပါတယ်။ မီတာက jerk pin အနီကို  P1 connector မှ
အနီရောင်ကြိုးကို ထိုးလိုက်ပါ။ ဒါဆို  မီတာ Box မှာ DCV တွင် +5V ပြပါလိမ့်မယ်။ ဒါဆို power supply က
power အပြည့်ထွက်ပါတယ်။ အကယ်၍ 3V လောက် ပြနေလျင်တော့ power အထွက် မကောင်းတော့ပါဘူး။
၎င်းနည်းအတိုင်းပဲ အခြားသော wire ကြိုးတွေမှာလည်း သတ်မှတ်ထားတဲ့ volt အား ထွက်၊မထွက်
တိုင်းတာပေးရပါမယ်။ 5V ရှိတဲ့ wire တွေကို တိုင်းတဲ့အခါ 5V ရှိရပါမယ်။ 3.3V ရှိတဲ့ wire တွေကို တိုင်းတဲ့အခါ
3.3V ရှိရပါမယ်။ 12V ရှိတဲ့ wire တွေကို တိုင်းမယ်ဆိုလျင်တော့ မီတာရဲ့ channel ကို 50V ကို ပြောင်းလဲပြီး
ဦးတည်ပေးရပါလိမ့်မယ်။
မီထာ box မှာ မီတာကိုကြည့်တဲ့အခါ DC ရဲ့ 10V မှာ ဆိုလျင် 0,2,4,6,8,10 ဆိုပြီး ရှိပါတယ်။ သင်က 5V ကို
တိုင်းခြင်းဆိုလျင်တော့ မီတာတံလေးက 4 နှင့် 6 ကြားမှာ ပြပါလိမ့်မယ်။ 3.3V ကို တိုင်ခြင်းဆိုလျင်တော့ 2 နှင့် 4
ကြားမှာ ပြပါလိမ့်မယ်။ DC ကို 10V ထက်ကျော်ပြီး တိုင်းမယ်ဆိုလျင်တော့ မီတာရဲ့ channel ကို 50 မှာ
ထားရမှာပါ။ 50 မှာ ထားတဲ့အခါ 0,10,20,30,40,50 ဆိုတဲ့နေရာတွေမှာ ကြည့်ရမှာ ဖြစ်ပါတယ်။ 12V ကို
တိုင်းတာလျင်တော့ မီတာတံက 10 နှင့် 20 ကြားမှာ ပြနေပါလိမ့်မယ်။
P4 connector၊ Molex connector၊ Mini-Molex connector တို့ကိုလည်း အထက်ပါ နည်းအတိုင်းပဲ
တိုင်းရမှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ DCV တွေလည်း ထွက်ရမှာ ဖြစ်ပါတယ်။ အဓိက
အရေးကြီးတာကတော့ မည်သည့် Wire ကြိုးကိုပဲတိုင်းတိုင်း မီတာရဲ့ Jerk pin အနက်ကိုတော့ power supply ရဲ့
အနက်ကြိုးမှာပဲ ထိုးထားရမှာ ဖြစ်ပါတယ်။ DC 12V ထိပဲရှိတဲ့အတွက် လူကို အန္တရာယ် မဖြစ်နိုင်ပေမယ့်  wire
pin များ ပူးသွားလျင်တော့ လျော့ဖြစ်သွားနိုင်ပါတယ်။ သတိထားပြီး ကိုင်တွယ်သင့်ပါကြောင်း
တင်ပြလိုက်ရပါတယ်။

0 comments:

Post a Comment

 
အိမ်ငယ်လေး Blogger Template by Ipietoon Blogger Template