Sunday, December 11, 2011

Core2Duo ဆိုသည်မှာ ..............

Core 2 Duo, Centrino 2 စသည်ဖြင့် 2 သို့မဟုတ် Duo ပါတာ ဟာ
CPU ထဲမှာ Core ၂ ခု ပါတယ်လို့နားလည်ပါတယ်။ Quad ဆိုရင်တော့
CPU ထဲမှာ Core ၄ ခု ပါတယ်ပေါ့။ ဖော်ပြပါ နာမည်တွေဟာ Intel ရဲ့ Brand နာမည်တွေသာဖြစ်ပါတယ်။

Dual Core ဆိုတာကတော့ CPU Chip တစ်ခုတည်းမှာ
Core နှစ်ခုပါတာကို ခေါ်တဲ့ generic name ဖြစ်ပါတယ်။
အမှန်တော့ Dual ပဲဆိုဆို Duo ပဲဆိုဆို Core 2 ပဲဆိုဆို တူတူပဲထင်ပါတယ်။

Speed ကတော့  Core2 (2.4 GHz) ဟာ Single Core 3.0 GHz ထက်တော့ ပိုမြန်ပါတယ်။ ၂၀၀% တော့မဟုတ်ပါဘူး။ ၁၆၀% သို့မဟုတ် ၁၇၀% လောက်တော့
ပိုမြန်ပါတယ်။
Core Duo နှင့် Core 2 Duo တို့၏ Product များကို လေ့လာကြည့်ရာတွင်
Core Duo သည် 65nm (nano meter) နှင့် ထုတ်လုပ်သော ပစ္စည်းများသာဖြစ်ပြီး၊
Core 2 Duo သည် 65nm နှင့် 45nm ကိုသုံးကာ ထုတ်လုပ်သော ပစ္စည်းများဖြစ်ကြောင်း
တွေ့ရ၏။ အောက် Link များတွင်ရှုလေ။
http://www.intel.com/products/proces...eduo/specs.htm
http://www.intel.com/products/proces...e2duo+tab_spec

အထက်ပါဖော်ပြချက်များ အရ အောက်ပါ မှတ်ချက်များ ရရှိပါသည်။

၁။ Dual-Core ဆိုသည်မှာ product ကိုဆိုခြင်းမဟုတ်။ နည်းပညာကို ဆိုခြင်းဖြစ်၏။ ၄င်း၌
CPU Chip တစ်ခုထဲတွင် Core ၂ ခုပါဝင်ပြီး။ မျှဝေသုံးသော Cache တစ်ခုပါဝင်၏။

၂။ Core Duo ဆိုသည်မှာ Dual-Core နည်းပညာကို အသုံးပြုထားသော Intel ၏ product
တစ်ခုဖြစ်လေသည်။

၃။ Core 2 Duo ကား Core Duo အား မွမ်းမံပြုပြင် ထုတ်လုပ်လိုက်သော အမျိုးအစားအသစ်
သာဖြစ်၏။ ၄င် အမည်တွင်ပါဝင်သော 2 ကား Version နံပါတ်ကို ဆိုလိုရင်းတည်း။

၎။ Dual Core ဟုဆိုဆို၊ Duo Core ဟုဆိုဆို၊ Core 2 ဟုဆိုဆို Core ၂ လုံးပါသော CPU ကို
ဆိုလိုသည်တည်း။

၅။ အထက်ပါ အချက် ၂ နှင့် ၃ ကို အခြေခံပြီး Core 2 Quad ဆိုသည်မှာ Core Quad ၏ Version 2
သာဖြစ်ကြောင်း။ Quad ဟူသော စာလုံးအရ Core ၄ ခုပါကြောင်း မှတ်ယူနိုင်၏။


\



သီးခြားစီပါရှိနေတာကိုပဲ  Dual Core Processor လို့ ခေါ်ကြတာပါ။ တကယ်တော့ Dual Core Processor
ဆိုတာဟာလည်း Physical အရ CPU တစ်လုံးပါပဲ။ ဒါပေမယ့် အဲ့ဒီ CPU မှာပဲ Processor နှစ်ခုပါပါတယ်။ Logical
အရပေါ့နော်။ အဲ့ဒီလို Processor နှစ်ခုပါတဲ့အတွက်ကြောင့် Dual Core Processor လို့ ခေါ်ကြတာပါ။  အဲ့ဒီလို
CPU တစ်လုံးတည်းပေါ်မှာ Processor နှစ်ခုပါရှိတဲ့အတွက်ကြောင့် ဒီ Dual Core Processor ရဲ့ လုပ်နိုင်စွမ်းအား
Performance ဟာ Single Core Processor တွေထက် ပိုပြီးတော့ မြန်ဆန်ပါတယ်။ Performance
ကောင်းတယ်ဆိုတာ ဘာကိုပြောတာလဲဆိုတော့- ဥပမာ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာပဲ Instruction နှစ်ခုကို
တွက်ချက်ပေးရမယ်ဆိုရင် ဒီ Dual Core Processor ဟာ တစ်ချိန်တည်း တစ်ပြိုင်တည်း
တွက်ချက်ပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ Processor  နှစ်ခုပါတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ Single
Core Processor တွေမှာတော့ ထိုကဲ့သို့ လုပ်ဆောင်နိုင်ခြင်း မရှိပါဘူး။ ဒါကြောင့်မို့လို့ Dual Core Processor
ဟာ ပိုပြီးတော့ လုပ်ဆောင်ချက် Performance ကောင်းတယ်လို့ ဆိုတာပါ။ အလုပ်နှစ်ခုကို
နှစ်ခေါက်လုပ်နေရတာထက် တစ်ကြိမ်တည်းနှင့် လုပ်ပြီးတယ်ဆိုရင် ပိုမြန်တာပေါ့။ ဒါကပဲ Dual Core Processor
ရဲ့ အားသာချက် ဖြစ်ပါတယ်။
Dual Core Procesoor ထက် ကောင်းမွန်တဲ့ Processor တစ်ခု ထွက်ရှိလာပြန်ပါတယ်။ ၎င်းကတော့ Core 2
Duo Processor ပါပဲ။ Dual Core မှာတောင် Performance တွေက အရမ်းကောင်းနေပါပြီ။ Core 2 Duo
မှာဆိုရင်တော့ ပြောစရာတောင် လိုမယ် မထင်ပါဘူး။ အဓိက ကွားခြားချက်ကတော့ L2 Cache ကနေ စတာပါပဲ။
Dual Core မှာ ပါဝင်တဲ့ L2 Cache ဟာဆိုရင် 2MB ပဲ ပါရှိပါတယ်။ Core 2 Duo မှာတော့ Cache ကို
နှစ်ဆတောင် မြင့်လိုက်တာ Core 2 Duo ရဲ့ Cache က 4MB အထိတောင် ဖြစ်လာပါတယ်။ CPU မှာပါဝင်တဲ့
Cache ကို အသုံးပြုပြီး တွက်ချက်ခြင်းဟာဆိုရင် RAM ကို အသုံးပြုပြီး တွက်ချက်တာထက် ပိုပြီးတော့
မြန်ဆန်သွက်လက်စေပါတယ်။ ဒီတော့ Core 2 Duo ဟာ ပိုပြီးတော့ မြန်ဆန်လာပြီပေါ့။
Dual Core နဲ့ Core 2 Duo တို့ရဲ့ ကွားခြားချက် နောက်တစ်မျိုးရှိပါသေးတယ်။ ၎င်းကတော့ Front Side
Bus ပဲ ဖြစ်ပါတယ်။ Front Side Bus က Dual Core မှာတော့ 533 MHz ရှိပြီး၊ Core 2 Duo မှာတော့ Front
Side Bus က 1066 MHz အထိတောင်ရှိပါတယ်။ အဲဒီတော့ Front Side Bus ကိုပဲကြည့်ကြည့်၊ L2 Cache
ကိုပဲကြည့်ကြည့် Core
2 Duo ဟာ Dual Core ထက် နှစ်ဆလောက် သာနေတာကို တွေ့ရပါတယ်။ အနာဂတ် ကွန်ပျူတာတွေမှာတော့
Core 2 Duo Processor တွေကို အသုံးပြုလာကြပါတယ်။ယခုဆို core i7 Processor များထွက်ပေါ်နေပြီဖြစ်ပါတယ်။

0 comments:

Post a Comment

 
အိမ်ငယ်လေး Blogger Template by Ipietoon Blogger Template